အခွင့်အရေးပဲလိုချင်ပြီး တာဝန်ကို လျစ်လျူရှုထားပါက နိုင်ငံတိုးတက်မှုရှိနိုင်မည်မဟုတ်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား
အခွင့်အရေးပဲလိုချင်ပြီး တာဝန်ကို လျစ်လျူရှုထားပါက တိုးတက်မှုမရှိနိုင်သလို တာဝန်အရဆိုကာ ဖိခိုင်းပြီး ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေကို မပေးဘူးဆိုရင်လည်း တရားမျှတမှု မရှိတာကြောင့်နိုင်ငံဟာ ရှေ့ဆက်ပြီးတော့ တိုးတက်ဖို့ နှောင့်နှေးလိမ့်မယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။