နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများကြောင့် ထိုင်းနှင့်မြန်မာက အကူအညီပေးရေး အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းမည်
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်နေရသူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုတိုးမြှင့်ပေးနိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာဟာ အထူးတာဝန်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း သွားမှဖြစ်ပြီး အခြားအကူအညီပေးရေးအေဂျင်စီတွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။