ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ Denko စက်သုံးဆီအရောင်းဆိုင်မန်နေဂျာထံ တယ်လီဖုန်း ဖြင့် ခြိမ်းခြောက်ပြောဆိုငွေတောင်းခံမှုဖြစ်ပွား
■ မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံနီးပါး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပြီး ယင်းလိုအပ်ချက်သည် ယမန်နှစ်ထက် လူဦးရေတစ်သန်း ပိုများလာခြင်းဖြစ်
■ ၂၀၂၃ ခုနှစ်မကုန်မီ ယူကရိန်းအတွက် အကူအညီကို အတည်ပြုပေးမည်မဟုတ်ဟု အမေရိကန် ဆီးနိတ်ခေါင်းဆောင် များ ထုတ်ပြန်
■ ဂါဇာကမ်းမြောင်တွင် အစ္စရေး-ဟားမာ့စ်ဖြစ်ပွားနေသော စစ်ပွဲသည် နိုင်ငံတကာအသိုက်အဝန်း၏ ကိုယ်ကျင့်တရားပျက် ကွက်မှုဟု ICRC ဥက္ကဋ္ဌ ဝေဖန်
■ အိုက်စလန်တွင် ပေါက်ကွဲသောမီးတောင်၏လှုပ်ရှားမှု လျော့နည်းသွားပြီဟု မိုးလေဝသဌာန ထုတ်ပြန်
■ ကက်စီမီရို၊ ဗာရန်း၊ ဆန်ချိုနှင့် မာစီယဲလ်တို့၏ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်များနှင့် ဆွေးနွေးရန် စီစဉ်