ဒီဇင်ဘာ ၂၂ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုက တိုက်ပွဲရှောင်အရပ်သားများကို ပြန်ပေးဆွဲခြင်း၊တပ်သား အဖြစ် အတင်းအကျပ်စုဆောင်းခြင်းတို့ရှိနေသည်ဟု လူ့အခွင့်အရေးစောင်ကြည့်မှုအဖွဲ့ (HRW) ထုတ်ပြန်
■ လယ် ၁၀ ဧကအထက် ပိုင်ဆိုင်သည့်တောင်သူလယ်သမားကြီးများအတွက် တစ်ဧကလျှင် ကျပ်လေးသိန်းထုတ်ချေး မည်ဖြစ်သည့် ကာလတိုချေးငွေလျှောက်လွှာများ ဖိတ်ခေါ်
■ သားအဖချင်း စကားများရန်ဖြစ်ရာမှ အချင်းချင်းဓာတ်ဆီလောင်းမီးရှို့သဖြင့် နှစ်ဦးစလုံး သေဆုံး
■ နျူကလီးယားလက်နက်ဖြင့် ရန်စမည်ဆိုလျှင် မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ဟု ကင်ဂျုံအွန် သတိပေး
■ စစ်အတွင်းက ဂျပန်တို့၏ အဓမ္မအလုပ်စေခိုင်းမှုအတွက် နစ်နာကြေးပေးရန် အမိန့်ချမှုကို တောင်ကိုရီးယားတရားရုံးချုပ် အတည်ပြု
■ ဒါဝင်နူးနက်ဇ်ကို သွင်းဂိုးတစ်ခုတည်းဖြင့် ဆုံးဖြတ်၍မရကြောင်း လီဗာပူးလ်လက်ထောက်နည်းပြ ပြော