အမေရိကန်နှင့် တရုတ်စစ်တပ်၏ ထိပ်သီးအရာရှိများ တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးမှုပြုလုပ်
အမေရိကန်စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးချားလ်စ်ဘရောင်းနဲ့ တရုတ်စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး လွီကျန်လီတို့ဟာ ဒီဇင်ဘာ ၂၁ ရက်က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။