ပြင်းထန်အအေးလှိုင်းကို သီတင်းနှစ်ပတ်ကြာ ကြုံတွေ့ခဲ့ရသော တရုတ်ဒေသများ မကြာမီ အအေးဒဏ်လျော့လာမည်ဟု တရုတ် မိုးလေဝသဌာန ခန့်မှန်း(ရုပ်သံ)
တရုတ်နိုင်ငံအနှံ့အပြားမှာ အအေးလှိုင်းဖြစ်ပေါ်တာကြောင့် အပူချိန်သုညမှတ်အောက်ကို သီတင်းနှစ်ပတ်နီးပါးကြာ ကျ ဆင်းခဲ့ပြီးနောက် ပူနွေးသောလေတွေဟာ တရုတ်မြောက်ပိုင်းကနေ တောင်ပိုင်းကို စတင်ဆန်တက်လာတော့မှာဖြစ်ရာ အခု သီတင်းပတ်ကုန်နှစ်ရက်ကနေ စတင်ပြီး အပူချိန်တွေ ပြန်လည်မြင့်တက်လာတော့မယ်လို့ ဆိုပါတယ်။