ဒဂုံဆိပ်ကမ်းမြိို့နယ် ယုဇနဥယျာဉ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်းရှိ တိုက်ခန်းတစ်ခန်းမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။