ကိုင်ရိုဆွေးနွေးပွဲ ကျင်းပနေချိန် အစ္စရေးက ဂါဇာတွင် ဆက်လက်တိုက်ခိုက်မည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု ပြောကြား
အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ၎င်းရဲ့ စစ်သားတွေဟာ မြေပြင်စစ်ဆင်ရေးရဲ့ အဆိုးရွားဆုံးနေ့တွေကို ကြံ့ကြံ့ခံခဲ့ပြီးနောက် ဂါဇာထဲအထိ နက်နက်ရှိုင်းရှိုင်းတိုက်ခိုက်သွားမယ်လို့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။