ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)ကို စတင်ဆွေးနွေးခဲ့ပြီး တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီဘက်မှ ပြင်ဆင်ချက်တင်ပြထားခြင်းမရှိဟု ဆို
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁) ကို စတင်ဆွေးနွေးခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တို့ဘက်မှ ပြင်ဆင်ချက် တင်ပြထားတာမရှိဘူးလို့ ပူးပေါင်းကော်မတီအတွင်းရေးမှူးဖြစ်တဲ့ NLD ပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။