ထိုင်းနိုင်ငံတွင် အရက်သောက်ပြီး ရန်ဖြစ်ရာမှ လူသတ်ထွက်ပြေးနေသူ မြန်မာနိုင်ငံသားကို ငါးရက်အကြာတွင် ဖမ်းဆီးရမိ
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုံဌာနီပြည်နယ်မှာ မြန်မာနိုင်ငံသားအချင်းချင်း အရက်အလွန်အကျွံမူးယစ်သောက်စားပြီး ရန် ဖြစ်ကြရာကနေ လူသတ်ထွက်ပြေးနေသူ မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချာချင်ဆောင်ပြည်နယ်မှာ ငါးရက် အကြာ ဒီဇင်ဘာ ၂၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။