စပိန်တွင် မြေပြိုမှုဖြစ်ပွားနေသည့်နေရာ၌ ရထားတစ်စီး ပြေးလမ်းချော်ခဲ့ပြီး တစ်ဦးသေဆုံးကာ ၄၉ ဦး ဒဏ်ရာရ
မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားနေတာကြောင့် ဘာစီလိုနာမြို့အနီးမှာ ရထားတစ်စီး ပြေး လမ်းချော်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ စပိန်ရထားလမ်းပို့ဆောင်ဆက်သွယ်ရေးကုမ္ပဏီက ပြောပါတယ်။