၂၀၂၄ ခုနှစ်မှာ ထောက်လှမ်းရေးဂြိုဟ်တုသုံးစင်း ထပ်မံလွှတ်တင်မည်ဖြစ်ပြီး နျူကလီးယားလက်နက်များကိုလည်း ထပ်မံ တည်ဆောက်မည်ဟု ကင်ဂျုံအွန်ပြောကြား
မြောက်ကိုရီးယားအနေနဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တုသုံးစင်းထပ်မံလွှတ်တင်မှာဖြစ်ပြီး နျူကလီးယား လက်နက်တွေကိုလည်း ထပ်မံတည်ဆောက်ကာ လူထိန်းချုပ်ဖို့မလိုတဲ့ ခေတ်မီတိုက်ခိုက်ရေးကိရိယာတွေ ကို လည်း ထုတ်ဖော်ပြသသွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြခဲ့ပါတယ်။