ဘီးလင်းမြို့၊ ဇုတ်သုတ်ကျေးရွာတွင် ဖဲကစားနေရင်း ဖဲရွက်များလုယူလွှင့်ပစ်ရာမှ စကားများရန်ဖြစ်ကာ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့
ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးကွက်သစ်ပိုင်းမှာ ဇန်နဝါရီလ (၂) ရက် ညနေပိုင်းက ဖဲရိုက်ကစားနေရင်း ဖဲရွက်တွေ လုယူလွှင့်ပစ်ရာကနေ စကားများရန်ဖြစ်ကာ ဓါးခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေ ထံက သိရပါတယ်။