မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အဓိကကျသည့် ဝန်ကြီးနေရာကို တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း အစားထိုးခန့်အပ်
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာအောင် အရှိန်မြှင့်တင်ဖို့ အတွက် လက်ရှိကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးနေရာကို သူ့ရဲ့ကာလရှည် လူယုံဖြစ်သူနဲ့ အစားထိုးခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။