ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟာဆီနာ၏ ပါတီက လွှတ်တော်အမတ်နေရာ လေးပုံသုံးပုံကို အနိုင်ရရှိ
ဘင်္ဂလားဒေ့ရှ်ရဲ့ အာဏာရအာဝါမီအဖွဲ့ချုပ်ပါတီဟာ ရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာ လေးပုံသုံးပုံကို အနိုင်ရရှိခဲ့ကာ ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာက ပဉ္စမမြောက်ရာထူးသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဇန်နဝါရီ ၈ ရက်က အတည်ပြုပြောကြားခဲ့ပါတယ်။