ဗုဒ္ဓဂယာမြေမြတ်မဟာသည် ဘုရားအဆူဆူတို့ ပွင့်တော်မူရာ မြေမြတ်မဟာဖြစ်ပြီး သံဝေဇနိယ လေးဌာနမှာ ပါဝင်ကာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါလှသောနေရာ ဖြစ်ပါတယ်။ ဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ကိုရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူတဲ့ ဒဿနိယသံဝေဇနိယနေရာတော်လည်း ဖြစ်ပါတယ်။ ဗုဒ္ဓဂယာမြေမြတ်နေရာကို ရောက်တာနဲ့ မဟာဗောဓိစေတီတော်ကြီးကို အဝေးကပင် ဖူးမြှော်နိုင်ပါတယ်။ ဒီမဟာဗောဓိ စေတော်ကြီးကို အသောကမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး မဟာဗောဓိပင် ပေါ်ထွန်းရာ၊ မြတ်ဗုဒ္ဓ သဗ္ဗညုတ ရွှေဉာဏ်တော် ရရှိရာ မြေမြတ်မဟာ ဗုဒ္ဓဂယာကို ဘီစီ(၂၆၀)မှာ ဘုရားဖူးဖို့ ရောက်ရှိလာခဲ့ပြီးနောက် တည်ထားခဲ့တာပါ။ စေတော်ကြီးဟာ ဖိနပ်တော် ၄၈ ပေရှိပြီး ဉာဏ်တော်မှာ ၁၇၀ ပေရှိပြီး လေးမြှောင့်ပုံသဏ္ဍာန်ဖြစ်ကာ မြန်မာဘုရင်အဆက်ဆက်တို့ရဲ့ ကောင်းမှုတော် စေတီတော်ကြီးလည်း ဖြစ်ပါတယ်။ မဟာဗောဓိစေတီတော်ပရဝုဏ်အတွင်း မဟာဗောဓိပင်ကြီးအကြောင်း ပြောရရင်တော့ သက္ကတိုင်း ကပိလဝတ်ပြည့်ရှင် ဘုရင် သုဒေါ္ဒဓန မင်းကြီးနဲ့ မိဖုရားခေါင်ကြီး မယ်တော်မာယာတို့မှ မဟာ သက္ကရာဇ်(၆၈) ခုနှစ်ကဆုန်လပြည့်နေ့မှာ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူတဲ့နေရာမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မဂဓတိုင်း ဗုဒ္ဓဂယာ(ဂယာမြို့အနီး)မှာ မဟာဗောဓိပင်ကလေးတစ်ပင် ပေါ်ထွက်ခဲ့ပြီး ဖွားဖက်တော် သစ်ပင်လည်း ဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားဟာ လေသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတွေဖြည့်ကျင့်ဆည်းပူးတော်မူပြီးနောက် မဟာ သက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့(ဘီစီ- ၅၂၈)အရုဏ်မတက်မီအချိန်မှာ မြတ်ဗုဒ္ဒ အဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာမြေမြတ်မဟာရှိ ဖွားဖက်တော် ဗုဒ္ဓဂယာဗောဓိပင်ခြေရင်း အပရာဇိတပလ္လပင်ထက်မှာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူပြီး သမ္မာသမ္ဗုဒ္ဗဘုရားအဖြစ် ရောက်ရှိတော်မူခဲ့ပါတယ်။ ဗောဓိပင်ကြီးကို မြတ်ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်ကလည်း မြတ်ဗုဒ္ဓရဲ့ ကိုယ်ပွားတော်၊ ကိုယ်စားတော်အဖြစ် ကိုးကွယ်ဆည်းကပ်လာခဲ့ကြသလို မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း ကိုးကွယ်စည်းကပ်ခဲ့ကြပါတယ်။ ဒီကနေ့မြင်တွေ့ရတဲ့ ဗောဓိပင်ကတော့ မူလဗောဓိပင်မဟုတ်တော့ပေမဲ့ အရင်အပင်အိုကြီးရဲ့ မျိုးစေ့မှ ယူထားတဲ့ အပင်ငယ်နဲ့ စိုက်ပျိုးထားတဲ့ ဗောဓိပင်ဖြစ်ပါတယ်။ ဖွားဖက်တော် ဗောဓိပင်ကို နောက်မှီပြုကာ အပင်ရင်းပလ္လင်တော်မှာ သဗ္ဗုညုတဉာဏ်တော်ကို ရတော်မူကြောင်းပြဆိုခဲ့ပြီးဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တို့ ပူဇော်ရှိခိုးထိုက်သော စေတီ လေးမျိုးအနက် ပရိဘောဂစေတီမြတ်ဖြစ်ပြီး ရှိခိုးပူဇော်ပါက အကျိုးများ ရရှိနိုင်တယ်လို့ သိရပါတယ်။
မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗုဒ္ဓဂယာ မြေမြတ်မဟာ . . .
Most Recent
13 hours ago
21 hours ago
3 days ago
4 days ago
5 days ago
5 days ago
6 days ago
6 days ago









