ဂါဇာစစ်ပွဲ တစ်နှစ်လုံး ဆက်လက်ဖြစ်ပွားနေလိမ့်မည်ဟု အစ္စရေးပြောကြားချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်း စစ်မီးပြန့်မလာရေး ကြိုးပမ်းလျက်ရှိ
ဟားမာ့စ်နှင့်ဖြစ်ပွားနေသောစစ်ပွဲသည် တစ်နှစ်လုံး ဆက်လက်ဖြစ်ပွားနေလိမ့်မည်ဟု အစ္စရေးက ပြောကြားလျက်ရှိစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုဘလင်ကင်သည် ဒေသတွင်းစစ်မီးအဖြစ် ဂါဇာပဋိပက္ခကြီးထွားမလာစေရေး တားဆီးရန်ကြိုးပမ်းသည့်အနေဖြင့်ဇန်နဝါရီ ၉ ရက် တွင်အစ္စရေးခေါင်းဆောင်များနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။