တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့တွင် တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ ပြည်တွင်း ပြည်ပမှ ပရိသတ် ကွင်းလုံးပြည့်လာရောက်ခဲ့ပြီး ကားအချို့ဝင်ခွင့်မရသည်အထိ ဖြစ်ခဲ့
တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ၈ ရက်မြောက် နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့မှာတော့ ပြည်တွင်းပြည်ပမှ ပရိသတ် လူဦးရေသိန်းချီ လာရောက်လည်ပတ်ခဲ့ပြီး အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်း အပြည့်အလျှံဖြစ်ခဲ့ကာ ကားအချို့ဝင်ခွင့်မရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။