အီကွေဒေါတွင် လူဆိုးဂိုဏ်းအဖွဲ့များက အကျဉ်းထောင်စောင့်နှင့် ဝန်ထမ်း ၁၇၈ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး (ရုပ်သံ)
အီကွေဒေါနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေအကြား တင်းမာမှုတွေ အမြင့်ဆုံးအခြေအနေအထိ ရောက် ရှိခဲ့ချိန်မှာ လူဆိုးဂိုဏ်းအဖွဲ့တွေက အကျဉ်းထောင်စောင့်နဲ့ ဝန်ထမ်း ၁၇၈ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။