နစက ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးအကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် Army Operations Center၊ Neighboring Countries Coordination Center(NCCC)ဌာန၏ အကြီးအကဲဖြစ်သူဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။