စမ်းချောင်းမြို့နယ်တွင် တမန်တော်မိုဟာမ္မဒ်(ဆွ)ဖွားသန့်စင်နေ့ရွှေရတုအထိမ်းအမှတ်ပွဲတွင် ဘာသာရေး အသုံး အနှုန်းနှင့်ပတ်သက်ပြီး သံဃာတော်အချို့နှင့်လူအချို့က လာရောက်တားဆီးမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးဖြင့် ကျင်းပ ခဲ့
စမ်းချောင်းမြို့နယ်ရှမ်းကုန်းလမ်းမှာ တမန်တော်မိုဟာမ္မဒ်(ဆွ)ဖွားသန့်စင်နေ့ ရွှေရတုအထိမ်းအမှတ်ပွဲကို နိုဝင်ဘာ၂၁ ရက်နေ့က ပြုလုပ်ဖို့ စီစဉ်နေတာကို အဲ့ဒီပွဲမှာဘာသာရေးအသုံးအနှုန်းနဲ့ ပတ်သက်ပြီး သံဃာ တော်အချို့နဲ့လူအချို့က လာရောက်တားဆီးမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့လုံခြုံရေးနဲ့ ပွဲကို ဆက်လက်ကျင်းပ ခဲ့ရတယ်လို့ စမ်းချောင်းမြို့မရဲစခန်းကနေ သိရပါတယ်။