ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု)
- မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ ပြိုင်ပွဲအတွက် ကစားကွင်းဖြစ်လာနေသည်ကို ဒေသတွင်းနိုင်ငံများက စိုးရိမ် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
- လှည်းကူးမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ ဆယ်နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာ ရရှိ
- အင်းစိန်မြို့နယ် သီရီမင်္ဂလာလမ်းတွင် လိုက်ထရပ်ယာဉ်နှင့် တွဲယာဉ်တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံး
- သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ပုတိမ်ရိုးကျေးရွာ ရန်ကုန် - မော်လမြိုင်ကားလမ်းမဘေးတွင် အမျိုးသားတစ်ဦး သေနတ် ဖြင့် ပစ်ခတ် ခံရပြီး သေဆုံးခဲ့
- ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ လိုအပ်နေသည်ဟု ပါလက်စတိုင်းတာဝန်ရှိသူ ပြောကြား
- တောင်တရုတ်ပင်လယ် တင်းမာမှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် တရုတ်နှင့် ဖိလစ်ပိုင် သဘောတူ