နှစ်ရက်အတွင်း မော်လမြိုင်မြို့၌ ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားခဲ့ရာမှ အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေး ၁၂ ဦးနှင့် လူကြီး ကိုးဦး ဒဏ်ရာရရှိ
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်အတွင်း မော်လမြိုင်မြို့၌ ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားခဲ့ရာမှ အမျိုးသမီး တစ်ဦးသေဆုံးကာ ကလေး ၁၂ ဦးနှင့် လူကြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။