ကန့်ဘလူမြို့နယ်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ကြံခုတ်နေသည့် ဒေသခံခြောက်ဦး သေဆုံးခဲ့ကြောင်း နစက ထုတ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ကြံခင်းအတွင်း ကြံခုတ်နေသည့် ဒေသခံများအား လက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် (၆)ဦး သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။