ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းသတင်းအစီအစဉ်(တိုက်ရိုက်ထုတ်လွှင့်မှု)
■ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)အား လေလံတင်ရောင်းချရန် ကြမ်းခမ်းဈေးအား ကျပ် ၃၁၅ ဘီလျံ (ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်) သတ်မှတ်ကြောင်း ကမာရွတ်ခရိုင်တရားရုံး အမိန့်ချမှတ်
■ ပုလဲမြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း(ပုလဲ)တွင် Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား သုံးဦး ဒဏ်ရာရရှိ
■ မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးအပါအဝင် အမျိုးသား သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ
■ ပီတာလင်ဂျာရွန်ရတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်
■ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးကိစ္စ မိမိတို့ဆောင်ရွက်နေသည်ဟု အိမ်ဖြူတော် ပြောကြား
■ မန်စီးတီး သို့မဟုတ် လီဗာပူးလ်တွင် ကစားပါက ဘရူနိုဖာနန်ဒက်စ် ပိုကောင်းမည်ဟု ဆောင်းနက်စ် သုံးသပ်