ချင်းပြည်နယ်၊ဟားခါးမြို့၊ ဂန့်ဂေါ-ဟားခါးလမ်းတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ပေ ၄၀ ခန့်နက်သော ချောက်ထဲ ထိုးကျ ကာ ယာဉ်မောင်းသေဆုံး
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဂန့်ဂေါ-ဟားခါးလမ်း၊ မိုင်တိုင်အမှတ် ၃ မိုင် ၁ ဖာလုံနဲ့ ၂ ဖာလုံကြားမှာ ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ပေ ၄၀ ခန့်နက်တဲ့ ချောက်ထဲထိုးကျကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရ ပါတယ်။