နိုုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံခွင့်မရခဲ့သည့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကွန်ယက်အဖွဲ့ နေပြည်တော်တွင်သီးသန့်တွေ့ဆုံရန် အစီအစဉ်ရှိဟုသိရ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့အတွင်းရှိ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်ရှိတက္ကသိုလ်ကျောင်းသားများသမဂ္ဂကွန်ယက်အဖွဲ့နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံရန်အစီအစဉ်ရှိတယ်လို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဘဏ္ဍာရေးမှုးဖြစ်သူ မမေသန့်စင်ရဲ့ပြောပြချက်အရသိရပါတယ်။