မြဝတီဒေါနတောင်ကျော် ထို့ကော်ကိုးလမ်းမှ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဟု သိရ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် ခက်ခက်ခဲခဲသွားလာနေရသော ထို့ကော်ကိုးလမ်းတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းခြင်းကြောင့် မော်တော်ယာဉ်များသွားလာမရဘဲ ဇန်နဝါရီလ ၃၀ ရက်နေ့ တစ်ရက်တာ ရပ်ဆိုခဲ့ရသော်လည်း ဇန်နဝါရီလ ၃၁ ရက်၊ယနေ့တွင်ပုံမှန်အတိုင်း သွားလာနေကြရပြီဖြစ်ကြောင်း သိရသည်။