ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို လက်တုံ့ပြန်ရေးကိစ္စ မိမိ ဆုံးဖြတ်ထားပြီးပြီဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထုတ်ဖော်ပြောကြား
ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရေးကိစ္စ မိမိဆုံးဖြတ်ထားပြီးပြီဟု ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက်သည်ဆိုသော်လည်း အရှေ့အလယ်ပိုင်း ဒေသ၌ ပိုမို ကျယ်ပြန့်သောစစ်ပွဲကို ၎င်းအလိုမရှိဟု ဆိုသည်။