တော်ဝင်အသရေဖျက်မှုဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများကို ရပ်တန့်ရန် Move Forward ပါတီကို ထိုင်းဖွဲ့စည်းပုံခုံရုံး အမိန့်ချ
ပြီးခဲ့တဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ Move Forward (ရှေ့သို့ချီ) ပါတီကို တော်ဝင် အသရေဖျက်မှုဥပဒေ ပြင်ဆင်မယ့် စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်တာကို အဆုံးသတ်ဖို့နဲ့ ဒီမူဝါဒဟာ တရားဝင်မှုမရှိကြောင်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတရားရုံးတစ်ရုံးက ဇန်နဝါရီ ၃၁ ရက်မှာ အမိန့်ချခဲ့ပါတယ်။