ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူရန် အစိုးရဌာနများနှင့် NLD ဗဟိုဌာနချုပ်ထံ ဒေသခံများစာပေးပို့တောင်းဆိုမည်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့နဲ့ စက်ရုံရဲ့ စည်းကမ်းဖောက်ဖျက် လုပ်ဆောင်မှုတွေကို အရေးယူပေးဖို့ ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားတွေက အစိုးရဌာနဆိုင်ရာတွေနဲ့ NLD ဗဟိုဌာနချုပ်ထံကို စာပေးပို့တောင်းဆိုသွားမယ်လို့ ပြောပါတယ်။