ရဲကင်းစခန်း တိုက်ခိုက်ခံရသော ယိုးတရုပ်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဆက်လက်ဖြေဆိုနိုင်ရန် လုံခြုံရေး တင်းကြပ်စွာဖြင့် ဆောင်ရွက်မည်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပေမယ့် စခန်းအတွင်း ထားရှိတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းလွှာတွေနဲ့ အဖြေလွှာတွေမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိတာကြောင့် စာမေးပွဲကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။