ရီပတ်ဘလီကင်တို့ ပိတ်ဆို့ခဲ့သည့် ယူကရိန်း အကူအညီပါသော ဥပဒေကြမ်းကို အမေရိကန်ဆီးနိတ်က ဆက်လက်ဆွေးနွေးရန် သဘောတူ(ရုပ်သံ)
ကာလရှည်ဆောင်ရွက်နေခဲ့တာကြာပြီဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒပြုပြင်ပြောင်းလဲရေးပါဝင်တဲ့ နှစ်ပါတီသဘောတူ ထားတဲ့ဥပဒေကြမ်းကို ရီပတ်ဘလီကင်တို့က ပိတ်ဆို့ခဲ့ပြီးနောက် ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်တို့အတွက် ထောက်ပံ့ကူညီမှုတွေ ပါဝင်တဲ့ အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၃၄ ဘီလျံ ဥပဒေကြမ်းကိစ္စဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ရှေ့ဆက်ဆွေးနွေးတဲ့ ကိစ္စ ဖြစ် လာပါတယ်။