အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် မြန်မာ့အရေးထည့်သွင်းဆွေးနွေးခဲ့
မြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူခါရာတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အရပ်သားအစိုးရထံ ပြန်သွားရေးလမ်းကြောင်းကို ဖော်ဆောင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။