ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊ အကျုံးဝင်နိုင်တဲ့ လူဦးရေ၊ အကျုံးဝင်နိုင်တဲ့ လူဦးရေဆိုတာက အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်းလုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်စေမှာလား၊ မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်။ ကျွန်တော်တို့က လေ့ကျင့်ပေးနိုင်ဖို့၊ လေ့ကျင့်ပေးနိုင်ဖို့ဆိုတာသည် သူတို့ကို လေ့ကျင့်ပေးတဲ့အခါမှာ ကျွန်တော်တို့က စစ်သည်တွေရဲ့ အဆင့်အတန်းအတိုင်း လေ့ကျင့်ပေးရတာဖြစ်တယ်။ အနည်းဆုံးအဆင့် လနဲ့ချီပြီး လေ့ကျင့်ရတာဖြစ်တယ်။ နှစ်တစ်နှစ်ရဲ့ လေးပုံတစ်ပုံ အနည်းဆုံးလေ့ကျင့်ရတာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲသေနတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက်ရမလို ပြောနေကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ Professional စစ်သားတစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်တဲ့သူတွေလို စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေးပညာကို အပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ မိမိရဲ့သက်ဆိုင်တဲ့၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေအလိုက် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့ အခြေခံစစ်ပညာသင်ကြားပြီး ဒီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ■ ဗိုလ်ချုပ် ဇော်မင်းထွန်း (ပြောရေးဆိုခွင့်ရှိသူ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
"ပြည်သူ့စစ်မှုထမ်းဥပဒေ ဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲသေနတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက်ရမလို ပြောနေကြတယ်။ မဟုတ်ပါဘူး။"