ထိပ်တိုက်ရင်ဆိုင်တွေ့သည့် လုပ်ရပ်များရှိခဲ့သည့်တိုင် မြောက်ကိုရီးယား၏ စစ်ပွဲဆင်နွှဲမည့် လက္ခဏာများကို မတွေ့ရကြောင်း အမေရိကန် ပြောကြား
မြောက်ကိုရီးယားဟာ ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့ လုပ်ရပ်တွေလုပ်ဆောင်ခဲ့ပြီး အမေရိကန်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ငြင်းဆိုခဲ့တဲ့တိုင်အောင် ချက်ချင်းစစ်ပွဲဆင်နွှဲမယ့် လက္ခဏာတွေကို အမေရိကန်က မတွေ့ရသေးကြောင်း အမေရိကန်ထိပ်သီး မူဝါဒ ချမှတ်သူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။