ဆရာဝန်များ၏ ဆန္ဒပြမှုကြောင့် ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ရုပ်သိမ်းမည်မဟုတ်ကြောင်း တောင်ကိုရီး ယားသမ္မတ ယွန်းဆော့ယို ပြောကြား
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက နိုင်ငံအတွင်း ၎င်းရဲ့ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့် ကျင်တဲ့ ဆရာဝန်တွေရဲ့ဆန္ဒပြမှုတွေကြောင့် ၎င်းရဲ့ အစီအစဉ်ကိုရုပ်သိမ်းသွားမှာမဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ပြော ကြားခဲ့ပါတယ်။