တက္ကသိုလ်ဝင်စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသအတွင်း ဖြေဆိုလိုသူများ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်
မတ်လ ၁၁ ရက်မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့နေထိုင်တဲ့ ဒေသ အတွင်း ဖြေဆိုလိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေဖို့အတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနဲ့ ဆက်သွယ် ဆောင်ရွက်ရမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောပါတယ်။