မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုများကို တန်ပြန်သည့်နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုများကို တောင်ကိုရီးယားနှင့်အမေရိကန် စတင်

မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုများကို တန်ပြန်သည့်နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုများကို တောင်ကိုရီးယားနှင့်အမေရိကန် စတင်
Published 5 March 2024

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ၎င်းတို့ရဲ့ နှစ်စဉ်ပြုလုပ်မြဲ နွေဦးရာသီစစ်ရေးလေ့ကျင့်မှုတွေကို မတ်လ ၄ ရက် က စတင်ခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်အရေအတွက်ဟာ ယမန်နှစ်ထက် နှစ်ဆပိုများတယ်လို့ တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။