ဘီးလင်း - နတ်ကြီး - ဖာပွန်ကားလမ်း ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာအနီးရှိ ပျဉ်သာတံတား မိုင်းခွဲဖျက်ဆီးခံရ
ဘီးလင်း - ဖာပွန်ကားလမ်း၊ ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာအနီးရှိ ပျဉ်သာတံတားမှာ မတ်လ (၆) ရက် နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။