ဂါဇာရှိ ပါလက်စတိုင်းပြည်သူများကို အကူအညီပေးရန် အမေရိကန်က ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်မည် (ရုပ်သံ)
ဂါဇာစစ်ပွဲ အချိန်ငါးလကြာမြင့်လာပြီးနောက် အငတ်ဘေးဆိုက်မည်ဟူသော သတိပေးမှုများ အကြိမ်ကြိမ်ရှိလာသည့် အနေအထားတွင် အကူအညီများပေးနိုင်ရေးအတွက် ဂါဇာတွင် ယာယီဆိပ်ကမ်း ထူထောင်ရန် သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်စစ်တပ်ကို ညွှန်ကြားလိုက်သည်ဟု မတ် ၇ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။