လောက်ကိုင်မြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် ရွှေ့ပြောင်းပေးရန် MNDAA အဖွဲ့က အကြောင်းကြားထားဟုဆို
လောက်ကိုင်မြို့ ဗမာတန်းမှာရှိတဲ့ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမှာဖြစ်တာကြောင့် မတ်လ ၁၁ ရက် နောက်ဆုံးထားပြီး MNDAA အဖွဲ့က ရွှေ့ပြောင်းခိုင်းထားကြောင်း ဗမာတန်းမှာ ဈေးရောင်းချသူအချို့က လူမှုကွန်ရက်စာမျက်နှာ တွေမှာ ရေးသားချက်အရ သိရပါတယ်။