တောင်ကိုရီးယားအစိုးရက သပိတ်မှောက်ဆရာဝန် ၄,၉၀၀ အား ဆေးကုသခွင့်လိုင်စင် ဆိုင်းငံ့မှုများ စတင်လုပ်ဆောင်
အစိုးရ၏ ဆေးပညာနယ်ပယ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင်သည့် အနေဖြင့် အလုပ်မှနုတ်ထွက်ကာ သပိတ်မှောက် ဆန္ဒပြနေသည့် အငယ်တန်းဆရာဝန် ၄,၉၀၀ အား ဆေးကုသခွင့်လိုင်စင် ဆိုင်းငံ့သည့် အရေးယူမှုများ စတင်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားအာဏာပိုင်များက မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။