မင်းသွေးရဲ့မပြီးပြတ်သေးတဲ့အနုပညာဖြစ်တာကြောင့် ပထမသုံး အယ်လ်ဘမ်ကို အရမ်းထွက်စေချင်တာပါလို့ဆိုတဲ့ အကယ်ဒမီနေတိုး
အကယ်ဒမီနေတိုးကတော့ မတ်လ ၁ဝရက်နေ့မှာထွက်ရှိခဲ့တဲ့ ညီဖြစ်သူ ကွယ်လွန်သူ မင်းသွေးနဲ့ သူငယ်ချင်းညီမင်းခိုင်၊ သားငယ်တို့သုံးဦးပေါင်းစပ်ဖန်တီးထားတဲ့ ပထမသုံးလို့အမည်ရတဲ့ အခွေထွက်ရှိနိုင်ဖို့အတွက် နောက်ကွယ်က နေကူညီကြတဲ့သူတွေကိုကျေးဇူးတင်သလို မင်းသွေးလုပ်နေတဲ့မပြီးပြတ်သေးတဲ့အနုပညာဖြစ်တဲ့ဒီအခွေကို ကိုယ်တိုင်လည်းထွက်စေချင်ပြီးရိုက်ကူးရေးပိုင်းမှာလိုအပ်ရင်လည်း ကူညီသွားမယ်လို့ နေတိုးကဆိုပါတယ်။