သမ္မတပြန်ဖြစ်လာမည်ဆိုပါက လွှတ်တော်စီးနင်းမှုအတွက် ထောင်ကျနေသူများကို ပြန်လွှတ်မည်ဟု ဒေါ်နယ်ထရန့် ပြောကြား
သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပါက မိမိ ပထမဆုံးလုပ်ဆောင်မယ့်ကိစ္စမှာ အမေရိကန်လွှတ်တော်ကို ၂၀၂၁ တိုက်ခိုက်မှုမှာပါဝင်တဲ့အတွက် ထောင်ချခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ဖြစ်တယ်လို့ မတ် ၁၁ ရက်မှာ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီး ဒီလိုထိန်းသိမ်းခံထားရသူတွေဟာ ဓားစာခံတွေဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။