စားနပ်ရိက္ခာအကူအညီများရယူရန်စောင့်နေသော ဂါဇာဒေသခံများကို အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်သောကြောင့် လူ ၂၀ သေဆုံး ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
အဝိုင်းခံထားရတဲ့ ဂါဇာကမ်းမြောင်မှာ အသည်းအသန်လိုအပ်နေတဲ့ ရိက္ခာအကူအညီတွေကို လက်ခံရယူဖို့ စောင့်ဆိုင်း နေသူတွေကို အစ္စရေးက ပစ်ခတ်တာကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၅၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဂါဇာရဲ့ဟားမာ့စ် ကွပ်ကဲ နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၅ ရက် အစောပိုင်းမှာ ထုတ်ပြန်ခဲ့တယ်ဆိုပေမယ့်လည်း အစ္စရေးဘက်ကတော့ အဆို ပါသတင်းတွေဟာ မှားယွင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။