သုံးရက်ကြာကျင်းပမည့် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ မျက်နှာစုံညီ အစည်း အဝေး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပ
စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲနိုင်ငံရေးဆိုင်ရာအဆိုပြုချက်များ (မူကြမ်း)နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)ကို ဆွေးနွေးအတည်ပြုနိုင်ရေးဆောင်ရွက်မယ့် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ် ၁၇ ရက်က စတင်ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။