ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေလာရောက်လည်ပတ်လေ့ရှိတဲ့ ချင်းမိုင်မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ တွေစာရင်းမှာ နှစ်ရက်ဆက်တိုက်ပါဝင်နေချိန် ထိုင်းဝန်ကြီးချုပ် ဆရီထာထာဝီဆင်းက ချင်းမိုင်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း လေထုညစ်ညမ်းမှုကို တိုက်ဖျက်သွားမယ်လို့ မတ် ၁၆ ရက်က ကတိပြုပြောကြားခဲ့ပါတယ်။