ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရပြီး တစ်ပတ်အတွင်း ၈၅ ဦးအထိ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံအတွင်းပိုင်းကို မြန်မာ - ထိုင်း နယ်စပ် ဘုရားသုံးဆူ -ကန်ချနဘူရီလမ်းကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြတဲ့ မြန်မာလုပ်သားတွေ နေ့စဉ်နီးပါးဖမ်းဆီးခံနေရပြီး တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၈၅ ဦးအထိ ရှိတယ်လို့ သိရပါတယ်။