ရာဖာကို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်ခြင်းမပြုရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ မေတ္တာရပ်ခံမှုကို အစ္စရေးဝန်ကြီးချုပ် ငြင်းပယ်
ဟားမာ့စ်စစ်သွေးကြွတွေ ခိုအောင်းနေတဲ့ နေရာလို့ အစ္စရေးက ယုံကြည်ထားပြီး စစ်ဘေးရှောင် တစ်သန်းကျော်ရှိနေ တဲ့ ဂါဇာနောက်ဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ရာဖာကို မြေပြင်စစ်ဆင်ရေးလုပ်ဆောင်ဖို့ စီစဉ်ထားတာကို ပယ်ဖျက်ဖို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ မေတ္တာရပ်ခံမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့ပါတယ်။